ကြေငြာချက်များ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ယာဉ်မောင်းလိုင်စင်အသစ် ရယူရန်လိုအပ်ချက်များ

(၁)ယာဉ်မောင်းလိုင်စင် အမျိုးအစားလိုက် လျှောက်ထားရယူရန် လိုအပ်ချက်များမှာ

အောက်ပါအတိုင်းဖြစ်ပါသည်-

(က)

“သ” ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၆) နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ၄င်းအား ယာဉ်မောင်းသင်ကြားပေးသူရှိရမည်။

(ခ)

“က-၁” ယာဉ်မောင်းလိုင်စင်(စက်စွမ်းအား ၁၁၀ စီစီနှင့်အောက် မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်) ရယူလိုသူသည်-

(၁) အသက်(၁၆)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(၂) "သ"လိုင်စင် ရရှိထားပြီးသူဖြစ်ရမည်။

(၃) သတ်မှတ်ယာဉ်မောင်းသင်တန်းတက်ရောက်၍ စစ်ဆေးမှုဖြေဆိုအောင်မြင်ပြီးသူ ဖြစ်ရမည်။

(ဂ)

“က” ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ “သ” လိုင်စင်သက်တမ်း(၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက် ရာက်အောင်မြင်ပြီးသူဖြစ်ရမည်။ “က-၁” လိုင်စင်သက်တမ်း(၂)နှစ်ပြည့်ပြီး(အသက်၁၈နှစ်ကျော်ပြီးသူ)မှ “က”လိုင်စင် လျှောက်ထားလာပါကလှဲလှယ်ထုတ်ပေး ရမည် ဖြစ်ရမည်။

(ဃ)

"ခ"ယာဉ်မောင်းလိုင်စင်ရလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ "သ"လိုင်စင်သက်တမ်း (၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။  "က" လိုင်စင်သက်တမ်း(၃)လပြည့်ပြီးပါကလည်း "ခ" ယာဉ်မောင်းလိုင်စင်သို့ လျှောက်ထားနိုင်သည်။

(င)

“ဂ” ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ “သ” လိုင်စင်တင်ပြနိုင်ရမည့်အပြင် မောင်းနှင်ခွင့်ရလိုသော စက်ယန္တရားကြီးများ၊ စက်တပ် ယာဉ်ကြီးများကို မောင်းနှင်နိုင်သူဖြစ်ရမည်။

(စ)

“ဃ” ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် “ခ” လိုင်စင်သက်တမ်း(၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ “ခ” လိုင်စင်သက်တမ်း (၃)နှစ် ပြည့်ပါက “ဃ” ယာဉ်မောင်းလိုင်စင်  လျှာက်ထားနိုင်သည်။ ၄င်းလိုင်စင်ဖြင့် တက္ကစီယာဉ်မောင်းလိုပါက ပြည်ထောင်စု မြန်မာနိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။

(ဆ)

"င"ယာဉ်မောင်းလိုင်စင်ရလိုသူသည် "ဃ"လိုင်စင်သက်တမ်း (၂)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ တဆက်တည်းသက်တမ်းရှိ "ခ"ယာဉ်မောင်း လိုင်စင်(၅) နှစ်ပြည့်ပြီးသူဖြစ်ရမည့် အပြင် ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်စစ်ဆေးမှုများကို ပါအာင်မြင်ရမည်။

(ဇ)

လက်မှတ်ရောင်း(သို့)စပယ်ယာလိုင်စင် ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်ထောင်စုနိုင်ငံသား(သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။

(စ်)

"ဌ" ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည့်အပြင် အမောင်းသင်လိုင်စင် ရယူပြီးသူဖြစ်ရမည်။ ထရော်လဂျီ၊ ထရပ်တာများ မောင်းနှင်နိုင်သူဖြစ်ရမည်။ သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။

(ည)

တပ်မတော် (ကြည်း/ရေ/လေ)၏ ယာဉ်မောင်းလိုင်စင်ကို အနည်းဆုံး တစ်နှစ်ရရှိထားပြီးသူသည် ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေ အခန်း(၄)၊ ပုဒ်မ-၆၂ အရ သင့်လျော်သော ယာဉ်မောင်းလိုင်စင်တစ်ခုခုကို လျှောက်ယူနိုင်သည်။ "သ"ယာဉ်မောင်းလိုင်စင်ရယူရန်မလို။ တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းနှင့်အညီ အောက်ပါ ယာဉ်မောင်းလိုင်စင် အမျိုးအစားများကို လျှောက်ယူနိုင်သည်-


(၁) တပ်မတော်ယာဉ်မောင်းလိုင်စင် အနည်းဆုံးသက်တမ်း တစ်နှစ်ရှိသူသည် "ခ"ယာဉ် မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။

(၂)

တပ်မတော်ယာဉ်မောင်းလိုင်စင်အနည်းဆုံးသက်တမ်း သုံးနှစ်ရှိသူသည် တက္ကစီယာဉ် မောင်းနှင်ရန်မှအပ " ဃ"ယာဉ်မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။


(၃)

တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး ငါးနှစ်ရှိ၍ စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ပြီးသူသည် "င"ယာဉ်မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။


(၄)

တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းတစ်နှစ်မပြည့်သူသည် ယာဉ်မောင်း လိုင်စင်ရယူလိုလျှင် "သ"ယာဉ်မောင်းလိုင်စင်ကို ရယူ ရမည်။

(ဋ)

၁၉၉၇ ခုနှစ်က အာဆီယံနိုင်ငံများအကြား လက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံနိုင်ငံများမှ ထုတ်ပေးသည့် ပြည်တွင်းယာဉ်မောင်းလိုင်စင်များအား အပြန်အလှန် အသိအမှတ် ပြုရေး သဘောတူစာချုပ် (Agreement on the Mutal Recognition of Domestic Driving Licences Issued by ASEAN Countries) ”အရ  အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်မည့် ပုဂ္ဂိုလ်များသည် ပြည်တွင်းမှထုတ်ပေးသည့် Smart Card ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်၍ မောင်းနှင်နိုင်ပါသည်။

(ဌ)
အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ် International Driving Permit (IDP) ရယူရန်လိုအပ်ချက်များ-

(၁) သက်တမ်းရှိ ပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူ။

(၂)

သက်တမ်းရှိနိုင်ငံကူးလက်မှတ်နှင့် မိတ္တူ။ (လျှောက်ထားသူသည် နိုင်ငံခြားသို့ရောက်ရှိနေပါက နိုင်ငံကူးလက်မှတ်မိတ္တူနှင့်လျှောက်ထားနိုင်ပါသည်။)


(၃) လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ (၃) ပုံ။

(၄) အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ်အတွက် ကျသင့်ငွေ $ (20)နှင့်ညီမျှသော မြန်မာကျပ်ငွေ။
(ဍ)

နိုင်ငံခြားလိုင်စင်မှ မြန်မာနိုင်ငံလိုင်စင်သို့ ကူးပြောင်းလိုလျှင်လိုအပ်ချက်များ -


(၁) နိုင်ငံခြားလိုင်စင် မူရင်းနှင့် မိတ္တူ။
(၂) Passport မူရင်းနှင့် မိတ္တူ။

(၃)

ဓါတ်ပုံ (၃) ပုံ။


(၄) နိုင်ငံခြားသား၏သက်ဆိုင်ရာ ကုမ္ပဏီမှလျှောက်လွှာ။

(၅) $( 50 ) နှင့် ညီမျှသော မြန်မာကျပ်ငွေနှင့် လိုင်စင်ကတ်ဖိုး ၁၂၀၀ ကျပ်။
(ဎ)
သံရုံးများမှ သံတမန်များနှင့် သံတမန်အခွင့်အရေးရသူများအတွက် မြန်မာနိုင်ငံလိုင်စင်လျှောက်ထားလိုလျှင် လိုအပ်ချက်များ-

(၁) သက်ဆိုင်ရာသံရုံးမှ လျှောက်လွှာ။
(၂) သံတမန်ရေးရာဦးစီးဌာနမှ ထောက်ခံချက်။
(၃) သံတမန် Passport မိတ္တူ။
(၄) သံတမန်စိစစ်ရေးကတ်မိတ္တူ။

(၅)
သက်ဆိုင်ရာနိုင်ငံမှ လိုင်စင်မိတ္တူ။

(၆)
ကျပ်ငွေ (၁၂၀၀ိ/-)။
(ဏ)

မော်တော်ယာဉ်မောင်းသူ အတက်သင်ကျောင်းမှတ်ပုံတင်ကြေးသတ်မှတ်ခြင်း-  (၁) ယာဉ်မောင်းသင်တန်းကျောင်း မှတ်ပုံတင်ကြေး (၁၀၀၀၀၀ိ/-)။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၂။ ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် သက်တမ်းတိုးရန် အောက်ပါအချက်များ လိုအပ်ပါသည် -

(က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်
(၁) လျှောက်လွှာပုံစံ။
(၂) လိုင်စင်ဓါတ်ပုံ (၂) ပုံ။ နောက်ခံအပြာရောင်
(၃) ကိုယ်ပိုင်လိုင်စင်ကဒ်မူရင်း။
(၄) မှတ်ပုံတင်မိတ္တူ (၁) စောင်။
(ခ) အငှားယာဉ်မောင်းလိုင်စင်
(၁) လျှောက်လွှာပုံစံ
(၂) လိုင်စင်ဓါတ်ပုံ (၂) ပုံ။ နောက်ခံအပြာရောင်
(၃) အငှားလိုင်စင်ကဒ်မူရင်း။
(၄) မှတ်ပုံတင်မိတ္တူ (၁) စောင်။
(ဂ)

နိုင်ငံခြားသားမှ မြန်မာလိုင်စင် (ခ) သက်တမ်းတိုးရာတွင် လိုအပ်ချက်များ -

(၁) လျှောက်လွှာပုံစံ (၁) စောင်။
(၂) သက်တမ်းရှိ Passport (မိတ္တူ (၁) စောင်)။

(၃)

(၄)

မြန်မာနိုင်ငံမှ ထုတ်ပေးသော ယာဉ်မောင်းလိုင်စင်ကဒ်မူရင်း။

မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပါစစ်။

 

၃။ ယာဉ်မောင်းလိုင်စင် အမျိုးအစားနှင့် လိုင်စင်သက်တမ်း သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်

လိုင်စင်အမျိုးအစား
သက်တမ်း
(က)
အမောင်းသင်လိုင်စင်
(၁) နှစ်
(ခ)
(က) လိုင်စင်
(၅) နှစ်
(ဂ)
(ခ) လိုင်စင်
(၅) နှစ်
(ဃ)
(ဂ) လိုင်စင်
(၅) နှစ်
(င)
(ဃ) လိုင်စင်
(၃) နှစ်
(စ)
(င) လိုင်စင်
(၃) နှစ်
(ဆ)
(ဌ) လိုင်စင်
(၅) နှစ်
(ဇ)
(စ) လိုင်စင်
(၅) နှစ်
(ဈ)
အပြည်ပြည်ဆိုင် ယာဉ်မောင်းနှင်ခွင့်လက်မှတ်
(၁) နှစ်

 

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အထိ ပြည်နယ်/တိုင်းအလိုက် ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် အရှိစာရင်းစောင်ရေ

စဉ်

ပြည်နယ်/တိုင်း

“က-၁”လိုင်စင်

“က”လိုင်စင်

“ခ”လိုင်စင်

“ဂ”လိုင်စင်

“ဃ”လိုင်စင်

“င”လိုင်စင်

“ဌ”လိုင်စင်

“က”မှ“ဌ”

လိုင်စင်စုစုပေါင်း

“စ”လိုင်စင်

ရုံးချုပ်

- - ၆၈၂၀ - - - - ၆၈၂၀ -

နေပြည်တော်

၁၉၉၅ ၁၃၁၁၄၁ ၃၃၁၆၈ ၄၄၁၇ ၄၇၁၄ ၁၉၅၁ ၁၇၇၃၈၈ ၅၉၅၉

ကချင်

၆၈၁ ၄၅၈၂၃ ၄၃၆၁၄ - ၉၂၀ ၂၃၂၅ ၂၆၆၆ ၉၆၀၂၉ ၇၄၅

ကယား ၁၇၇၈ ၄၄၇၂၉ ၇၈၈၆ ၁၁၇ ၁၉၈၆ ၇၉၁ ၅၇၂၈၉ ၁၆၁၅

ကရင်

၃၉၇ ၂၇၀၇၃ ၁၃၅၆၀ - ၃၇၃ ၁၈၂၄ ၆၈၇ ၄၃၉၁၄ ၂၂၅၁

ချင်း

၂၁၃၇၄ ၃၆၇၉ - ၂၄ ၂၅၁ ၂၅၃၃၆ ၁၄၅

စစ်ကိုင်း

၃၀၃၃ ၁၉၃၃၅၆ ၅၈၁၇၀ ၂၀ ၁၃၇၉ ၉၈၄၂ ၁၁၉၅ ၂၆၆၉၉၅ ၁၁၃၁၈

တနင်္သာရီ

၆၉၂ ၉၅၄၈၈ ၂၂၁၆၃ - ၇၂၅ ၂၇၂၂ ၅၈၄ ၁၂၂၃၇၄ ၁၁၄၈

ပဲခူး

၁၀၀၁ ၂၂၅၉၅၂ ၅၃၅၁၁ - ၁၆၈၉ ၁၄၂၆၈ ၂၃၆၂ ၂၉၈၇၈၃ ၁၆၄၂၄

၁၀

မကွေး

၅၇၄ ၁၀၀၇၁၇ ၄၃၅၅၈ - ၉၃၇ ၉၅၃၃ ၁၃၄၈ ၁၅၆၆၆၇ ၁၁၄၈၀

၁၁

မန္တလေး

၉၄၈၅ ၄၆၇၆၁၂ ၂၁၉၂၃၁ ၇၂ ၃၂၈၈၈ ၃၈၀၆၇ ၂၈၅၅ ၇၇၀၂၁၀ ၂၉၆၀၇

၁၂

မွန်

၄၆၆ ၇၅၅၅၅ ၃၄၇၄၈ - ၁၅၀၁ ၆၂၆၈ ၂၉၄၃ ၁၂၁၄၈၁ ၅၄၁၉

၁၃

ရခိုင်

၇၂ ၂၂၉၁၆ ၇၂၅၂ - ၁၃၆ ၁၃၂၅ ၆၈၄ ၃၂၃၈၅ ၈၉၀

၁၄

ရန်ကုန်

၅၈ ၂၉၉၄၄ ၃၃၆၀၂၄ ၁၁ ၁၅၇၅၈၉ ၁၀၁၄၂၀ ၁၂၀၃ ၆၂၆၂၄၉ ၈၆၁၀၈

၁၅

ရှမ်း(တောင်)

၁၆၄ ၅၆၉၆၄ ၄၉၃၅၉ ၃၂၁၅ ၁၀၃၉၁ ၁၅၀၈ ၁၂၁၆၀၃ ၅၁၇၂

၁၆

ရှမ်း(အရှေ့)

၁၈၄ ၄၈၇၇၆ ၁၉၄၅၁ - ၁၇၂၇ ၁၀၇၁ ၁၄၁၁ ၇၂၆၂၀ ၃၆၁

၁၇

ရှမ်း(မြောက်)

၇၈၇ ၄၆၇၆၁ ၄၅၀၅၂ - ၃၃၁၉ ၉၀၄၈ ၂၀၄၃ ၁၀၇၀၁၀ ၈၀၁၇

၁၈

ဧရာဝတီ

၁၄၃၂ ၁၅၀၄၅၈ ၃၁၃၈၅ - ၁၅၀၇ ၅၀၁၈ ၂၃၅၃ ၁၉၂၁၅၃ ၅၃၅၃

စုစုပေါင်း

၂၂၈၀၀ ၁၇၈၄၆၃၉ ၁၀၂၈၆၃၁ ၁၀၉ ၂၁၂၄၆၃ ၂၂၀၀၇၃ ၂၆၅၉၁ ၃၂၉၅၃၀၆ ၁၉၂၀၁၂

 

ပြည်နယ်/တိုင်းဒေသကြီးအလိုက် ယာဉ်တိုက်ခိုက်မှုအခြေပြဇယား(၂၀၁၄-၂၀၁၃ ခုနှစ် ၏ နိုဝင်ဘာလ နှိုင်းယှဉ်ချက်ဇယား)

စဉ်
ပြည်နယ်/တိုင်းဒေသကြီး
၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ
ယာဉ်တိုက်ခိုက်မှု
ဒဏ်ရာရမှု
သေဆုံးမှု
ယာဉ်တိုက်ခိုက်မှု
ဒဏ်ရာရမှု
သေဆုံးမှု
၁။
နေပြည်တော်
၃၀၉ ၅၂၂ ၁၅၅ ၃၃၇ ၄၉၈ ၁၉၅
၂။
ကချင်ပြည်နယ်
၃၉၃ ၅၅၀ ၁၄၈ ၂၈၈ ၄၇၆ ၁၂၀
၃။
ကယားပြည်နယ်
၁၁၈ ၁၆၂ ၃၈ ၁၀၀ ၁၅၈ ၂၁
၎။
ကရင်ပြည်နယ်
၃၃၃ ၆၄၆ ၁၀၄ ၃၃၂ ၆၀၃ ၇၁
၅။
ချင်းပြည်နယ်
၇၃ ၁၅၃ ၃၂ ၆၁ ၁၂၅ ၂၆
၆။
စစ်ကိုင်းတိုင်းဒေသကြီး
၁၃၁၁ ၂၄၇၄ ၃၃၅ ၆၃၃ ၁၀၂၀ ၁၉၁
၇။
တနင်္သာရီတိုင်းဒေသကြီး
၂၈၁ ၄၄၄ ၁၀၈ ၃၄၅ ၆၇၄ ၈၄
၈။
ပဲခူးတိုင်းဒေသကြီး
၁၃၀၅ ၂၄၄၆ ၃၇၉ ၁၃၅၀ ၂၃၆၆ ၃၂၁
၉။
မကွေးတိုင်းဒေသကြီး
၁၀၅၂ ၂၃၁၃ ၂၅၇ ၈၈၉ ၁၈၀၅ ၂၀၀
၁၀။
မန္တလေးတိုင်းဒေသကြီး
၁၂၄၁ ၂၁၇၄ ၃၈၃ ၁၁၀၁ ၁၇၈၈ ၃၂၇
၁၁။
မွန်ပြည်နယ်
၄၇၃ ၇၇၀ ၂၀၉ ၅၁၁ ၈၀၉ ၂၁၉
၁၂။
ရခိုင်ပြည်နယ်
၂၉၆ ၅၂၉ ၈၆ ၂၃၉ ၃၉၀ ၇၃
၁၃။
ရန်ကုန်တိုင်းဒေသကြီး
၂၅၀၁ ၃၄၈၁ ၄၇၃ ၂၄၃၈ ၃၆၀၄ ၃၆၇
၁၄။
ရှမ်းပြည်နယ်
၄၃၇ ၈၀၇ ၁၄၉ ၃၇၆ ၇၆၆ ၁၁၉
၁၅။
တွဲဘက်ပြည်နယ် (လားရှိုး)
၃၄၈ ၄၇၇ ၁၈၆ ၂၆၀ ၄၂၁ ၉၇
၁၆။
တွဲဘက်ပြည်နယ် (ကျိုင်းတုံ)
၁၅၀ ၃၂၃ ၈၄ ၁၄၈ ၂၆၆ ၆၈
၁၇။
ဧရာဝတီတိုင်းဒေသကြီး
၁၃၁၁ ၂၂၀၆ ၂၄၈ ၉၂၆ ၁၇၄၅ ၁၉၆
စုစုပေါင်း
၁၁၉၃၂ ၂၀၄၇၇ ၃၃၇၄ ၁၀၃၃၄ ၁၇၅၁၄ ၂၆၉၅

 

လမ်းညွှန်းလမ်းအမှတ်အသားများမှာအောက်အတိုင်းဖြစ်ပါသည်-

 

ယာဉ်မောင်းသူများလိုက်နာရန်အချက်များ

၁။ ယာဉ်မောင်းသူများလိုက်နာရန်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)

"က"ယာဉ်မောင်းလိုင်စင်ရရှိထားသူသည် မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်ခွင့်ရှိသည်။

(ခ)

“ခ” ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူသည် “က”ယာဉ်မောင်းလိုင်စင်နှင့် “ဂ”ယာဉ်မောင်းလိုင်စင် လိုင်စင်အသီးသီးနှင့်သက်ဆိုင်သောယာဉ်များကိုသာ မောင်းနှင်ခွင့်ရှိသည်။ ကိုယ်ပိုင်ဝန်ပေါ့မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်တို့ကိုပါ မောင်းနှင်ခွင့်ပြုသည့် လိုင်စင်ဖြစ်ပါသည်။

(ဂ)

"ဂ"ယာဉ်မောင်းလိုင်စင်သည် ဤနည်းဥပဒေများ အခန်း(၂)အရ မှတ်ပုံတင်ထားသော အခြား စက်တပ်ယာဉ်များကို မောင်းနှင်ခွင့်ပြုသည့် လိုင်စင်ဖြစ်ပါသည်။

(ဃ)

"ဃ"ယာဉ်မောင်းလိုင်စင်သည် ကိုယ်ပိုင်ဝန်လေး မော်တော်ယာဉ်နှင့်ကိုယ်ပိုင်ဘတ်စ် ကားကြီးတို့အပြင် တက္ကစီယာဉ်မောင်းနှင် ခွင့်ပြုသည့် လိုင်စင်ဖြစ်သည်။ နိဗ္ဗာန်ယာဉ် မောင်းနှင်ရန်အတွက်ပါ အကျုံးဝင်သည်၊ "က" "ခ" "ဂ"ယာဉ်မောင်းလိုင်စင် အသီးသီးနှင့်သက်ဆိုင်သော ယာဉ်များကိုပါ မောင်းနှင်ခွင့်ရှိသည်။

(င)

"င"ယာဉ်မောင်းလိုင်စင်သည် မှတ်ပုံထားသည့် မည်သည့်မော်တော်ယာဉ်မျိုးကိုမဆို မောင်းနှင်ခွင့်ရှိသည့်အပြင် လက်မှတ်ရောင်း (သို့မဟုတ်) စပယ်ယာတာဝန်ကိုလည်း ထမ်းဆောင်နိုင်သည်။

(စ)

"စ"လိုင်စင်သည် လက်မှတ်ရောင်း (သို့မဟုတ်) စပယ်ယာတာဝန် ထမ်းဆောင်နိုင်ရန် ထုတ်ပေးသည့်လိုင်စင်ဖြစ်ပါသည်။

(ဆ)

"သ"ယာဉ်မောင်းလိုင်စင်သည် မော်တော်ယာဉ် အမောင်းသင်ရန်အတွက် ထုတ်ပေးသော လိုင်စင်ဖြစ်ပါသည်။

(ဇ)

မော်တော်ယာဉ်အမောင်းသင်နေသူ၏နံဘေးတွင် အနည်းဆုံးသက်တမ်း (၂)နှစ်ပြည့်ပြီးသော ယာဉ်မောင်းလိုင်စင် ရရှိသူတစ်ဦး ပါရှိရမည်။ ထိုသူသည် ယာဉ်မောင်းသင်နေသူ အား ကွပ်ကဲကြပ်မတ် ပေးနိုင်သူဖြစ် ရမည်။ အမောင်းသင် ယာဉ်ပေါ်တွင် လူပိုများမတင်ဆောင်ရပါ။

(စ်)

မိမိလိုင်စင်ကို အခြားသူအား အသုံးပြုရန် လွှဲပြောင်းမပေးရပါ။

(ည)

ယာဉ်မောင်းသူ၊ ယာဉ်နောက်လိုက်တို့သည် မိမိလိုင်စင်ကို ယာဉ်မောင်း၊ ယာဉ်နောက် လိုက်စဉ် အမြဲဆောင်ထားရမည်။

 

ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့်စာရွက်စာတမ်းများ

၁။ သွင်းကုန်ပါမစ်မူရင်း/ယာဉ်ဝယ်ယူခွင့် လက်မှတ် (Sale Center မှဝယ်ယူသည့်ယာဉ်)
၂။ သွင်းကုန်ကြေငြာလွှာမိတ္တူ။
၃။ အကောက်ခွန်ဖော်ပြချက်မူရင်း၊ (အကောက်ခွန်ဦးစီးဌာနမှ ပေးပို့ဓါတ်ပုံပါရှိလျှင် ယာဉ်တစ်စီးထက်ပိုပါက မူရင်းတွင် ယာဉ်မူသေအမှတ်ရေးသားပြီး မိတ္တူရယူထားရန်၊
နောက်ဆုံးဆောင်ရွက်သည့်ယာဉ်တွင် မူရင်းကိုမပျက်မကွက် သိမ်းဆည်းပါရန်)။
၎။ သက်ဆိုင်ရာ နိုင်ငံမှ မှတ်ပုံတင်ဖျက်သိမ်းပြီးကြောင်းအထောက်အထားမူရင်း (Used/Reconditioned)။
၅။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ ဓါတ်ပုံပါစိစစ်ရေးကတ်မူရင်းနှင့် တိုက်ဆိုင်စိစစ်ပြီးမိတ္တူရယူထားရန်။
၆။ ကုမ္ပဏီ/အဖွဲ့အစည်းဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ။
၇။ အထက်ပါစာရွက်စာတမ်းအထောက်အထားပြည့်စုံပါက အောက်ပါအတိုင်းဆောင်ရွက် ပေးလျှက်ရှိပါသည်-
(က) မူသေနံပါတ်ရယူခြင်း၊ ဖောင်းကြွနံပါတ်ဝယ်ယူခြင်း၊ ယာဉ်စစ်ဆေးခြင်း။
(ခ) က.ည.န အခွန်အခများနှင့် အာမခံ၊ စည်ပင်အခွန်များပေးသွင်းရခြင်း။
(ဂ) ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့်အ၀ိုင်းအားထုတ်ပေးခြင်း။

ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းတွင်လိုအပ်သောအချက်အလက်များ

၂။ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ခြင်း လုပ်ငန်းအမျိုးအစားများ -

(က) ပြည်ပတင်သွင်းယာဉ်
(ခ) စက်မှု(၂)မှ ထုတ်လုပ်ယာဉ်
(ဂ) ပြည်တွင်းပြခန်းမှ ရောင်းချယာဉ်
(ဃ) နိုင်ငံတော်မှ ခွဲဝေယာဉ်
(င) စက်မှုဇုန်ထုတ်ယာဉ်
(စ) သံတမန်နှင့် သံရုံးပိုင်ယာဉ်
(ဆ) ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ်
(ဇ) ထရော်လာဂျီယာဉ်
(ဈ) စက်ယန္တရား
(၁) ပြည်ပတင်သွင်းယာဉ်
(ကက)

Import Permit

(ခ ခ )

Import Declaration

( ဂ ဂ) Custom Statement
(၂) စက်မှု(၂)မှ ထုတ်လုပ်ယာဉ်
(ကက)

Inspection Certificate

( ခ ခ) ကုန်ရောင်းပြေစာ။
(၃) ပြည်တွင်းပြခန်းမှ ရောင်းချယာဉ်
(ကက) Inspection Certificate
( ခ ခ) Sale Invoice
( ဂ ဂ) Delivery Order
(၄) နိုင်ငံတော်မှ ခွဲဝေယာဉ်
(ကက) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ခွဲဝေချထား စာ/ယာဉ်စာရင်း၊
( ခ ခ) ယာဉ်လက်ခံ / ထုတ်ပေးပြေစာ၊
( ဂ ဂ)

Inspection Report။

(၅) စက်မှုဇုန်ထုတ်ယာဉ်
(ကက)

Inspection Certificate၊

( ခ ခ) ယာယီမှတ်ပုံတင်လက်မှတ်၊
( ဂ ဂ) အရောင်းအ၀ယ်စာချုပ်။
(၆)

သံတမန်နှင့် သံရုံးပိုင်ယာဉ်

Vehicles owned by Diplomats and embassy

(ကက) သံတမန်ရေးရာဦးစီးဌာနမှစာ၊
Letter from Protocol Department
( ခ ခ) သံရုံးလျှောက်လွှာ။
မှတ်ချက်။ ယာဉ်စစ်ပြီးမှ Custom Statement နှင့် သွင်းကုန်ကြေငြာလွှာ ပေးပို့ရမည်။
(၇)

ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ်

Vehicels owned by United Nations Association

(ကက) နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှစာ၊
Letter from Foreign Economic Relations Department
( ခ ခ)

Custom Statement၊

( ဂ ဂ) သွင်းကုန်ကြေငြာလွှာ၊
(ဃဃ) အဖွဲ့အစည်းလျှောက်လွှာ။
(၈) ထရော်လာဂျီယာဉ်
(ကက) ပြည်တွင်းထုတ်
(၁၁)

Inspection Certificate၊

(၂၂) ပြည်တွင်းကုမ္ပဏီအရောင်းပြေစာ။
( ခ ခ) ပြည်ပထုတ်
(၁၁) အကောက်ခွန်ပြေစာ။
(၉) စက်ယန္တရားများ
(ကက) သွင်းကုန်ပါမစ်(သွင်းကုန်ပါမစ်တွင် ‌ဖော်ပြထားသည့် အမည်ဖြင့်မှတ်ပုံတင်ရန်)

 

လေလံယာဉ်မှတ်ပုံတင်ခြင်း

၃။ လေလံယာဉ် အမျိုးအစားများ -

(က) တပ်မတော်လေလံယာဉ်များ။
(ခ) ဌာနဆိုင်ရာလေလံယာဉ်များ။
(ဂ) ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ လေလံယာဉ်များ။
(ဃ) နိုင်ငံပိုင်သိမ်းဆည်း လေလံယာဉ်များ။
(က) တပ်မတော် လေလံယာဉ်
(၁) ငွေသွင်းပြေစာ။
(၂) ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူကြောင်းထောက်ခံချက်။
(၃) မော်တော်ယာဉ်ထုတ်ပေးပြေစာ။
(၄) တပ်မှူး (သို့မဟုတ်) ဒု-တပ်မှူး လက်မှတ်ပါရှိသည့် ထောက်ခံချက်။
(၅) လျှောက်ထားသူ၏ မှတ်ပုံတင်။
(၆) လျှောက်ထားသူ၏ နေရပ်လိပ်စာ။
(ခ) ဌာနဆိုင်ရာ လေလံယာဉ်
(၁) ငွေသွင်းပြေစာ။
(၂) လေလံအောင်မြင်ကြောင်း ထောက်ခံချက်။
(၃) လေလံယာဉ်စာရင်း။
(၄) ကမ-၃ စာအုပ် (ရှိလျှင်)။
(၅) လျှောက်ထားသူ၏ မှတ်ပုံတင်။
(၆) လျှောက်ထားသူ၏ နေရပ်လိပ်စာ။

(ဂ)

ဗဟိုစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ လေလံယာဉ်
(၁) ငွေသွင်းပြေစာ။
(၂) လေလံအောင်မြင်ကြောင်း ထောက်ခံချက်။
(၃) လေလံယာဉ်စာရင်း။
(၄) လျှောက်ထားသူ၏ မှတ်ပုံတင်။
(၅) လျှောက်ထားသူ၏ နေရပ်လိပ်စာ။
(ဃ) နိုင်ငံပိုင်သိမ်းဆည်း လေလံယာဉ်
(၁) ငွေသွင်းပြေစာ။
(၂) လေလံအောင်မြင်ကြောင်း ထောက်ခံချက်။
(၃) လေလံယာဉ်စာရင်း။
(၄) လျှောက်ထားသူ၏ မှတ်ပုံတင်။
(၅) လျှောက်ထားသူ၏ နေရပ်လိပ်စာ။

 

၎။ လေလံယာဉ် မှတ်ပုံတင် ကန့်သတ်ချက်များ -

(က) လူစီးယာဉ်၊ ‌မော်‌တော်ဆိုင်ကယ်များ စက်၊ ‌ဘောင်‌ပြောင်းခွင့်မပြု။
(ခ) ‌လေလံယာဉ်များ၊ အမျိုးအမည်၊ အမျိုးအစား၊ တင်အား၊ အတိုင်းအတာပြောင်းလဲခြင်းခွင့်မပြု။
(ဂ) လေလံဝယ်သည့်ရက်မှ (၂)နှစ်အတွင်း မှတ်ပုံတင်ရမည်။ (လေလံပစ်ရက်မှ ယာဉ်စစ်ခ သွင်းရက်အထိ)
(ဃ) 929 လေလံ(၁၀၅)စီး မူလစက်မပြောင်းရ၊ ဆေးရောင်အနက်မသုံးရ။ (TC- ၁၃/၀၇ ဆုံးဖြတ်ချက်)
(င) နှစ်(၂၀)ကျော်ယာဉ် ရန်ကုန်စည်ပင်ပြင်ပတွင် မှတ်ပုံတင်ခွင့်ပြုသည်။
(စ) ဌာနဆိုင်ရာသက်တမ်း ၅နှစ်မကျော်သည့် ယာဉ်များသာ မှတ်ပုံတင်ပေးသည်။

 

၅။ လေလံပစ်သည့်ဌာန ဆောင်ရွက်ရန်အချက်များ -

(က) လေလံပစ်ဌာနများ က.ည.န သို့ ကိုယ်စားလှယ်အမည် တောင်းရမည်။
(ခ) လေလံယာဉ်စာရင်းအား မရောင်းချမီရက် (၃၀) ကြိုတင်ပို့ရမည်။
(ဂ) လေလံကြိုစစ်ဆေးရမည့်နေရာများကို အကြောင်းကြားပေးရမည်။
(ဃ) လေလံပစ်သည့်ရက်၊ အချိန်၊ နေရာများကို ကြိုတင် အကြောင်းကြားရမည်။
(င) လေလံထောက်ခံချက်အား ကြိုတင် ပေးပို့ထားရမည်။

 

၆။ လေလံယာဉ်ကြိုစစ်နှင့် ကိုယ်စားလှယ်များ၏ တာဝန် -

(က) လေလံယာဉ်ကြိုစစ်ရာတွင် မျက်မြင်အခြေအနေကို ယာဉ်စစ်ချက်၊ စက်၊ ဘောင်ခဲခြစ်၊ ယာဉ်ဓါတ်ပုံ ရယူရမည်။
(ခ) အမျိုးအမည်၊ ရုပ်သတ်မှတ်၍မရလျှင် မှတ်ပုံတင်ခွင့်မပြုကြောင်း အသိပေးရမည်။
(ဂ) လေလံယာဉ်ကြိုစစ်ရာတွင် သံဘောင်၌ R/- ရိုက်နှိပ် မှတ်တမ်းယူထားရမည်။
(ဃ) လေလံထောက်ခံချက်တွင် စိစစ်၍ လက်မှတ်ရေးထိုးရမည်။
(င) ကြမ်းခင်းဈေး၊ အမြင်းဆုံးဈေး၊ ၀ယ်ယူသူအမည်များကို မှတ်သားရမည်။
(စ) ချိတ်ပိတ်တင်ဒါတွင် တင်ဒါဖွင့်ဖေါက်ရာတွင် ပါဝင်ရမည်။

၇။ လေလံဆွဲဝယ်ယူသူများ သိသင့်သိထိုက်သော အချက်များ -

(က) လေလံယာဉ်များအား လေလံပစ်သည့်ရက်မှ (၂)နှစ်အတွင်း ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားရပါမည်။ (လေလံပစ်ရက်မှ ယာဉ်စစ်ခငွေသွင်းရက်အထိသာ သတ်မှတ်ပါသည်)
(ခ) လေလံယာဉ်၏ အမျိုးအမည်၊ ရုပ်နှင့်ခုနှစ်ပုံစံပြောင်းလဲခြင်းကို ခွင့်မပြုပါ။
(ဂ) ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ပစ်ကပ်ယာဉ်များ၊ မော်တော်ဆိုင်ကယ်ယာဉ်များ ဘောင်ပြောင်းလဲခြင်းကို ခွင့်မပြုပါ။
(ဃ) ထရော်လာဂျီနှင့် လယ်ယာသုံးထရပ်ယာဉ်များ အလျား၁၈ပေ၊ အင်ဂျင်ပါဝါ ၁၅၀၀ CC သာ ခွင့်ပြုပါသည်။
(င) လေလံယာဉ်များအားလုံး ဆေးရောင်စစ်စိမ်းရောင်နှင့် ၉၂၉ ဆလွန်းလေလံယာဉ်များ စစ်စိမ်းရောင်အပြင် ဆေးရောင်အနက်ပါ သုံးစွဲခွင့်မပြုပါ။ ၉၂၉ လေလံယာဉ်များသည် မူလစက်ပြောင်းလဲခြင်းမပြုရပါ။
(စ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဌာနဆိုင်ရာ လေလံယာဉ်ဖြစ်ပါက မှတ်ပုံတင်သက်တမ်းပြတ်ကာလ(၅)နှစ် မကျော်လွန်သည့်ယာဉ်များကိုသာပြန်လည်မှတ်ပုံတင်ခွင့်ပြုပါသဖြင့်လေလံယာဉ်ဝယ်ယူသူများအနေဖြင့် မှတ်ပုံတင်သက်တမ်း(၅)နှစ်ကျော်လွန်၊ မလွန် စိစစ်ဆောင်ရွက်ရန် ဖြစ်ပါသည်။
(ဆ) မှတ်ပုံတင်သက်တမ်း(၅)နှစ်ကျော်လွန်နေသည့်ယာဉ်များ၊ ရုပ်၊ ဦးခေါင်းပိုင်း မပါရှိ သောယာဉ်များကို မော်တော်ယာဉ်အဖြစ် မှတ်ပုံတင်ခွင့်မပြုပါ။
(ဇ) လေလံယာဉ်အား အသင့်မောင်းနှင်နိုင်သောအခြေအနေရှိမှသာ ပြန်လည်မှတ်ပုံတင်ခွင့်ကို ဤဦးစီးဌာန(ရုံးချုပ်)တွင် လျှောက်ထားရပါမည်။
(ဈ) လေလံယာဉ်ယာယီမှတ်ပုံတင်ခွင်ြ့ပုလက်မှတ်အား ယာယီမှတ်ပုံတင်ခ ၅၀၀ိ/- ပေးသွင်းပြီး၊ ယာယီမှတ်ပုံတင်အမှတ်ထုတ်ပေးပါသည်။ ယာယီမှတ်ပုံတင်ခွင့်ပြု လက်မှတ်သက်တမ်းမှာ ရက်ပေါင်း(၉၀)ဖြစ်ပြီး ကျော်လွန်ပါက ပျက်ပြယ်ပါသည်။
(ည) ယာဉ်နှင့်အတူ ယာဉ်နံပါတ်ပြား ၂ ချပ်ပါရှိရမည်။ နံပါတ်ပြားတွင် စာလုံးအနီရောင်၊ အောက်ခံအဖြူရောင်နှင့် ကုန်ဆုံးရက်ကို မိမိအစီအစဉ်ဖြင့် ဖော်ပြရေးသားရမည်။
(ဋ) လေလံယာဉ်အား ယာဉ်စစ်ခွင့်ပြုသည့်ရက်မှ ရက်ပေါင်း(၃၀)အတွင်း ယာဉ်စစ်ဆေးရမည်။
(ဌ) လေလံယာဉ်များအား ရုံးချုပ်၊ ပြည်နယ်၊ တိုင်းရုံးများတွင်သာ ယာဉ်စစ်ခွင့်ပြုပါသည်။ ခရိုင်ရုံးများတွင် ယာဉ်စစ်ဆေးခွင့်မပြုပါ။
(ဍ) ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသောယာဉ်များအား ထုတ်လုပ်သည့်ခုနှစ်၊ ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားသောယာဉ်များ မှတ်ပုံတင်သည့်အချိန်မှ နှစ်(၂၀) ကျော်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ပြင်ပလိပ်စာဖြင့်သာ ပြန်လည် မှတ်ပုံတင်ခွင့်ပြုပါသည်။
(ဎ)

ဌာနဆိုင်ရာ‌လေလံယာဉ်များ ပြန်လည်မှတ်ပုံတင်ရာတွင် ‌အောက်ပါအတိုင်း မှတ်ပုံတင်အမှတ် သတ်မှ‌တ်ေ ပးပါသည်-

စဉ် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်အက္ခရာ
ယာဉ် ဆိုင်ကယ်
(က) ၁၉၈၅ ခုနှစ်ထိ ၆က(ကွက်လပ်) ၁ယ(ကွက်လပ်)
( ခ) ၁၉၈၅ အထက်မှ ၁၉၉၀ ခုနှစ်အထိ ၉ခ(ကွက်လပ်) ၅ယ(ကွက်လပ်)
( ဂ) ၁၉၉၀ အထက်မှ ၁၉၉၅ ခုနှစ်အထိ ၁ဂ(ကွက်လပ်) ၁၀ယ(ကွက်လပ်)
(ဃ) ၁၉၉၅ အထက် ၂ဂ(ကွက်လပ်) ၁၅ယ(ကွက်လပ်)
(ဏ) နိုင်ငံပိုင်သိမ်းဆည်း‌မော်‌တော်ယာဉ်များ ‌ရောက်ရှိ အက္ခရာသတ်မှတ်ပေးပါသည်။
(တ) နိုင်ငံပိုင်သိမ်းဆည်း‌ထား‌သော ပစ္စည်းများ၊ စီမံခန့်ခွဲမှု ‌ကော်မတီမှ ‌လေလံတင် ‌ရောင်းချသည့်ယာဉ်များအား ‌လေလံပစ်သည့်ကာလတွင် ‌ရောက်ရှိ ‌နေသည့်အက္ခရာ သတ်မှတ်ပေးပါသည်။

မော်တော်ယာဉ်သက်တမ်းသတ်မှတ်ချက်

၈။ မော်တော်ယာဉ်များကို အောက်ပါအမျိုးအစားလိုက်သက်တမ်းသတ်မှတ်သည်-

စဉ်
ယာဉ်အမျိုးအစား
သက်တမ်းကာလ
မှတ်ချက်
ကနဦး နှစ်လဲ
လူစီးမော်တော်ယာဉ်
၁ နှစ်
၁ နှစ်
လူစီးမော်တော်ယာဉ် (Brand New ဖြစ်ပါက ရောက်ရှိသည့်ခုနှစ်မှ ၃နှစ်အတွင်းယာဉ်)
၃ နှစ်
၁ နှစ်
အငှားယာဉ်နှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များမပါ
ကျန်မော်တော်ယာဉ်များ
၁ နှစ်
၁ နှစ်
မော်တော်ဆိုင်ကယ်
၂ နှစ်
၂ နှစ်
လျှပ်စစ်ဆိုင်ကယ်
၎ နှစ်
၎ နှစ်
သုံးဘီးဆိုင်ကယ်/လျှပ်စစ်သုံးဘီးဆိုင်ကယ်
၂ နှစ်
၂ နှစ်
နောက်တွဲယာဉ်
၁ နှစ်
၁ နှစ်
စက်ယန္တရား
၁ နှစ်
၁ နှစ်

 

၉။ နောက်ဆုံးရောက်ရှိအက္ခရာနှင့်နံပါတ်များ (၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ)

စဉ်
အကြောင်းအရာ
ရောက်ရှိနံပါတ်
(က)
မော်တော်ယာဉ်
2K-1104
(ခ)
တက္ကစီယာဉ်
FF-9920
(ဂ)
မော်တော်ယာဉ်(ဇုန်)
8M-3087
(ဃ)
ထရော်လာဂျီ
၉ဌ/၄၁၃၃၈
(စ) သုံးဘီးဆိုင်ကယ်

၈ဟ/၅၇၅၈

(ဆ)
ဆိုင်ကယ်
၄၇ယ/၇၈၄၈၇

 

၂၀၁၅ ခုနှစ်၊ ဇူလိုင်လအထိ ပြည်နယ်/တိုင်း/ခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်း

( စီးရေ )
စဉ်
ပြည်နယ်/တိုင်း
လူစီး
ခရီးသည်
တင်
ကုန်တင်
(၀န် ပေါ့)
ကုန်တင်
(၀န် လေး)
အခြား
နှစ်ဘီး
တပ်
သုံးဘီး
တပ်
ထရော်လာဂျီ
စက်ယန္တရား
ပေါင်း
၁။
ရုံးချုပ်
၁၁၈၉ ၁၇ ၅၁ - - - ၁၂၆၉
၂။
နေပြည်တော်
၁၁၈၉၈ ၁၁၃၇ ၁၅၂၄ ၁၁၁၆ ၂၅၅၅ ၈၃၇၅၀ ၂၀၁ ၅၀၆ ၁၆၉ ၁၀၂၈၅၆
ကချင်ပြည်နယ် ၃၆၄၁ ၁၅၇ ၃၁၆ ၁၈၀၅ ၂၂၂ ၁၁၄၀၇၅ ၄၆၀၀ ၂၄၇၈ ၁၂ ၁၂၇၃၀၆
၎။
ကယားပြည်နယ်
၈၆၄ ၁၄၉ ၁၈၇ ၃၃၆ ၇၅ ၆၀၄၅၁ ၄၉၆ ၂၃၁ ၃၆ ၆၂၈၂၅
၅။
ကရင်ပြည်နယ်
၁၂၀၂ ၉၄ ၄၇၇ ၅၀၉ ၃၀၈ ၉၂၇၄၇ ၈၉၇ ၇၆၂ ၆၇ ၉၇၀၆၃
၆။
ချင်းပြည်နယ်










၇။
စစ်ကိုင်းတိုင်း










၈။
တနင်္သာရီတိုင်း










၉။
ပဲခူးတိုင်း










၁၀။
မကွေးတိုင်း










၁၁။
မန္တလေးတိုင်း










၁၂။
မွန်ပြည်နယ်










၁၃။
ရခိုင်ပြည်နယ်










၁၄။
ရန်ကုန်တိုင်း










၁၅။
ရှမ်းပြည်နယ်(တောင်ကြီး)










၁၆။
တွဲဘက်ရှမ်းပြည်နယ်
(ကျိုင်းတုံ)










၁၇။
တွဲဘက်ရှမ်းပြည်နယ်
(လားရှိုး)










၁၈။
ဧရာဝတီတိုင်း









စုစုပေါင်း










 

ယာဉ်ပိုင်ရှင်များလိုက်နာရန်အချက်များ

 

၁။ ယာဉ်ပိုင်ရှင်များလိုက်နာရန်အချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) မှတ်ပုံတင်ရန်သတ်မှတ်ထားသော မော်တော်ယာဉ်များသည် မှတ်ပုံတင်ထားခြင်းမရှိလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီး သက်တမ်း
ကုန်ဆုံးနေလျှင်သော်လည်းကောင်း ပြည်သူတို့ဆိုင်ရာနေရာများတွင် မောင်းနှင်ခွင့်မရှိပါ။
(ခ) သက်တမ်းရှိမှတ်ပုံတင်သက်သေခံလက်မှတ်(အ၀ိုင်း)ကို ယာဉ်၏ရှေ့တွင်မြင်သာ ထင်ရှားသောနေရာ၌ တပ်ဆင်ထားရမည်။
(ဂ) မော်တော်ယာဉ်ကို အခါခပ်သိမ်းထိရောက်စွာ ထိန်းသိမ်းသွားလာနိုင်ရန် ပြုပြင်ထားရှိရန် ပိုင်ရှင်တွင်တာဝန်ရှိသည်။
(ဃ) မှတ်ပုံတင်သက်တမ်းလဲရန် (၅)နှစ်ကျော်ပျက်ကွက်လျှင် ယာဉ်၏မှတ်ပုံတင်ကို ဖျက်သိမ်းမည်ကို သတိပြုရမည်။
(င) သူတပါးထိခိုက်မှု အာမခံထားရှိခြင်းမရှိသေးသောယာဉ်ကို ပြည်သူတို့ဆိုင်ရာနေရာများတွင် အသုံးပြုခွင့်မရှိပါ။
(စ) မော်တော်ယာဉ်တိုင်းတွင် သတိပေးရန် ဟွန်းတပ်ဆင်ထားရှိရမည်။ ၎င်းဟွန်းသံသည် တစ်သံတည်းဖြစ်ရမည်။
(ဆ) ပတ်ဝန်ကျင်းလေထုကို ညစ်ထေးစေသည့် မီးခိုးအလွန်အကျွံထွက်သော မော်တော်ယာဉ်အား မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်အဖွဲ့က ငြင်းဆိုနိုင်
သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင်သည်။
(ဇ) ပတ်ဝန်းကျင်မြေထုလမ်းများ ညစ်ထေးစေသည့် စက်သုံးဆီများယိုစိမ့်မှုကို ပြုပြင်ထိန်းသိမ်းထားခြင်းမရှိလျှင်မှတ်ပုံတင်အဖွဲ့သည် မော်တော်ယာဉ်
မှတ်ပုံတင်ခြင်းကို ငြင်းဆိုနိုင်သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင်သည်။
(ဈ) ယာဉ်ကိုရောင်းချပြီးဖြစ်ပါက အမည်ပြောင်းဆောင်ရွက်ခြင်း၊ ယာဉ်လက်ဝယ်ရှိသော်လည်း သက်တမ်းတိုးရန် အခြေအနေမရှိပါက သက်ဆိုင်ရာ
ရုံးနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖျက်သိမ်းရန် အခြေအနေမျိုးဖြစ်ပါက မှတ်ပုံတင်ဖျက်သိမ်းရန် ဆောင်ရွက်ခြင်းများကို မပျက်မကွက်ဆောင် ရွက်ရန်လိုအပ်ပါသည်။

 

သံတမန်၊ သံတမန်အခွင့်အရေးမရသည့် ပုဂ္ဂိုလ်ပိုင် မူသေနံပါတ် အမျိုးအစားများ

စဉ်

သံရုံးအမည်
သံတမန်
သံတမန်အခွင့်အရေးမရ
မြန်မာ

အင်္ဂလိပ်

မြန်မာ
အင်္ဂလိပ်
၁။
အမေရိကန်

American

သံ-၁/၁
CD-1/1
၁/၁၀၀၁
1/1001
၂။
ဗြိတိသျှ

British

သံ-၂/၁
CD-2/1
-
-
၃။
အိန္ဒိယ

India

သံ-၃/၁
CD-3/1
၃/၁၀၀၁
3/1001
၎။
ပြင်သစ်

French

သံ-၄/၁
CD-4/1
၎/၁၀၀၁
4/1001
၅။
ပါကစ္စတန်

Pakistan

သံ-၅/၁
CD-5/1
၅/၁၀၀၁
5/1001
၆။
သီရိလင်္ကာ

Srilanka

သံ-၆/၁
CD-6/1
၆/၁၀၀၁
-
၇။
ထိုင်း

Thailand

သံ-၇/၁
CD-7/1
၇/၁၀၀၁
7/1001
၈။
အင်ဒိုနီးရှား

Indonesia

သံ-၈/၁
CD-8/1
၈/၁၀၀၁
8/1001
၉။
တရုတ်

China

သံ-၉/၁
CD-9/1
၉/၁၀၀၁
9/1001
၁၀။
ရုရှား

Russia

သံ-၁၀/၁
CD-10/1
၁၀/၁၀၀၁
-
၁၁။
ဆာဘီးယားနှင့်မွန်တီနီဂရိုး

Serbia and Montenegro

သံ-၁၁/၁
CD-11/1
၁၁/၁၀၀၁
-
၁၂။
အစ္စရေး

Isreal

သံ-၁၂/၁
CD-12/1
၁၂/၁၀၀၁
-
၁၃။
ဂျပန်

Japan

သံ-၁၄/၁
CD-14/1
၁၄/၁၀၀၁
14/1001
၁၄။
ဂျာမဏီ

Germany

သံ-၁၅/၁
CD-15/1
၁၅/၁၀၀၁
-
၁၅။
ၾသစေၾတးလ်

Australia

သံ-၁၆/၁
CD-16/1
၁၆/၁၀၀၁
16/1001
၁၆။
လာအို

Lao PDR

သံ-၁၇/၁
CD-17/1
၁၇/၁၀၀၁
-
၁၇။
အီဂျစ်

Egypt

သံ-၁၈/၁
CD-18/1
၁၈/၁၀၀၁
-
၁၈။
ဇိလစ်ပိုင်

Philippines

သံ-၁၉/၁
CD-19/1
၁၉/၁၀၀၁
19/1001
၁၉။
နီပေါ

Nepal

သံ-၂၀/၁
CD-20/1
၂၀/၁၀၀၁
-
၂၀။
အီတလီ

Italy

သံ-၂၂/၁
CD-22/1
၂၂/၁၀၀၁
-
၂၁။
မလေးရှား

Malaysia

သံ-၂၃/၁
CD-23/1
၂၃/၁၀၀၁
23/1001
၂၂။
ဘင်္ဂလားဒေ့ရှ်

Bangladesh

သံ-၂၄/၁
CD-24/1
၂၄/၁၀၀၁
24/1001
၂၃။
ဗီယက်နမ်

Vietnam

သံ-၂၅/၁
CD-25/1
၂၅/၁၀၀၁
-
၂၄။
စင်္ကာပူ

Singapore

သံ-၂၆/၁
CD-26/1
၂၆/၁၀၀၁
-
၂၅။
တောင်ကိုရီးယား

South Korea

သံ-၂၇/၁
CD-27/1
၂၇/၁၀၀၁
27/1001
၂၆။
ဘရူနိုင်း

Brunei

သံ-၂၈/၁
CD-28/1
၂၈/၁၀၀၁
-
၂၇။
ကမ္ဘောဒီးယား

Cambodia

သံ-၂၉/၁
CD-29/1
၂၉/၁၀၀၁
-
၂၈။
ဆော်ဒီအာရေဗျ

Saudi Arabia

သံ-၃၀/၁
CD-30/1
၃၀/၁၀၀၁
-
၂၉။
ဥရောပကော်မရှင် ကိုယ်စားလှယ်ရုံး

Representative Office of European Commission

သံ-၃၁/၁
CD-31/1
၃၁/၁၀၀၁
-
၃၀။
မြောက်ကိုရီးယား

North korea

သံ-၃၂/၁
CD-32/1
၃၂/၁၀၀၁
-

 

ကုလသမဂ္ဂအဖွဲ့အစည်းပိုင် မူသေနံပါတ် အမျိုးအစားများ

စဉ်
အတိုကောက်
ကုလသမဂ္ဂအဖွဲ့အစည်းများ
ယာဉ်အမှတ်
မြန်မာ
အင်္ဂလိပ်
၁။
UN
United Nations
ဖွဲ့-၁/၁
UN-1/1
၂။
UNDP
United Nations Development Programme
ဖွဲ့-၂/၁
UN-2/1
၃။
UNICEF
United Nations Children's Fund
ဖွဲ့-၃/၁
UN-3/1
၎။
FAO
Food Hgriculture Organization
ဖွဲ့-၄/၁
UN-4/1
၅။
WHO
World Health Organization
ဖွဲ့-၅/၁
UN-5/1
၆။
UNODC
United Nations Office on Drugs and Crime
ဖွဲ့-၆/၁
UN-6/1
၇။
UNHCR
United Nations High Commissioner for Refugees
ဖွဲ့-၇/၁
UN-7/1
၈။
WFP
World Food Programme
ဖွဲ့-၈/၁
UN-8/1
၉။
UNFPA
United Nations Population Fund
ဖွဲ့-၉/၁
UN-9/1
၁၀။
UNIC
United Nations Information Centre
ဖွဲ့-၁၀/၁
UN-10/1
၁၁။
UNAIDS
United Nations Acquired Immune Deficiency Syndrome
ဖွဲ့-၁၁/၁
UN-11/1
၁၂။
ILO
Internation Labour Office
ဖွဲ့-၁၂/၁
UN-12/1
၁၃။
IOM
Internationl Organization for Migration
ဖွဲ့-၁၄/၁
UN-14/1
၁၄။
UNOPS
United National Office for Project Service
ဖွဲ့-၁၅/၁
UN-15/1

 

လက်ရှိအသုံးပြုလျက်ရှိသောနံပါတ်ပြားများ

 

ကိုယ်ပိုင်ယာဉ်

သာသနာပိုင်ယာဉ်

 

အငှားယာဉ်

 

မော်တော်ဆိုင်ကယ်

 

 

 

တက္ကစီယာဉ်

သံရုံးပိုင်ယာဉ်

 

နိဗ္ဗာန်ယာဉ်

ကုလသမဂ္ဂအဖွဲ့အစည်းပိုင် ယာဉ် ခရီးသွားလုပ်ငန်းယာဉ်

 

စဉ်

ယာဉ်အမျိုးအစား
အသုံးပြုမှုအခြေအနေ
အောက်ခံဆေးရောင်

စာလုံးအရောင်

နံပါတ်ပြားအရွယ်အစား
(လ x န)
စာလုံးအရွယ်အစား
၁။
မော်တော်ယာဉ်
ကိုယ်ပိုင်ယာဉ်
အနက်ရောင်
အဖြူရောင်
၁၄.၂၅ လက်မx ၆.၅ လက်မ
စာလုံးအချင်း -၈.၃၇၅ လက်မ

စာလုံးအမြင့် -၂ .၂၅ လက်မ

စာလုံးအထူ -.၂၅ လက်မ

မျဉ်းစောင်းအမြင့် -၃ လက်မ
အဌားယာဉ်
အနီရောင်
အဖြူရောင်
ခရီးသွားလုပ်ငန်းယာဉ်
အပြာနုရောင်
အဖြူရောင်
သာသနာပိုင်ယာဉ်
အ၀ါရောင်
အနက်ရောင်
သံတမန်/ကုလသမဂ္ဂနှင့်
ယင်းအဖွဲ့အစည်းပိုင်ယာဉ်
အဖြူရောင်
အနက်ရောင်
၂။
မော်တော်ဆိုင်ကယ်
-
အနက်ရောင်
အဖြူရောင်
၈.၇၅ လက်မ x ၅.၅ လက်မ
-

 

ဆောင်ပုဒ်များ

(က)  သင့်ယာဉ်နှစ်စဉ် မှတ်ပုံတင်သက်တမ်း အချိန်မီတိုးရန် လိုသည်။

(ခ)   သင့်ပိုင်ယာဉ် သင့်အမည်နှင့် ရှိရန်လိုသည်။

(ဂ)   အရွယ်ရောက်သူတိုင်း ယာဉ်မောင်းတတ်ရမည်။

(ဃ)  ယာဉ်မောင်းသူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်။