သမိုင်းအကျဉ်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

၁။  မြန်မာနိုင်ငံအတွင်းသို့ မော်တော်ယာဉ်များရာက်ရှိလာသည်နှင့်အညီ မော်တော်ယာဉ်နှင့် ယာဉ်သွားလာမှုဆိုင်ရာများအား ကြီးကြပ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်လုပ်ငန်းကိုဆောင်ရွက်ရန် လိုအပ်ခဲ့ပါသည်။ ထို့ကြောင့်၁၉၆၃ခုနှစ်၊စက်တင်ဘာလ(၁)ရက်နေ့တွင်"ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရးအာဏာပိုင်အဖွဲ့"ကိုဖွဲ့စည်းခဲ့သည်။

၂။ ၁၉၇၂ခုနှစ်၊မတ်လတွင်သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို"ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန" ဟုပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့သည်။ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့သည်လည်း"ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန"အမည်သို့ပြောင်းလဲလာခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်လာခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ဇန်န၀ါရီလတွင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊စာတိုက်နှင့်ကြးနန်းဝန်ကြီးဌာနဟူ၍၀န်ကြီးဌာန(၃)ခုခွဲ၍ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အောက်တွင် ပါဝင်လာခဲ့သည်။

၃။     ဤဦးစီးဌာန၏ ဖွဲ့စည်းပုံမှာ အရာထမ်း(၂၈၀)ဦး၊ အမှုထမ်း(၂၇၁၀)ဦး၊ စုစုပေါင်း(၂၉၉၀)ဦးဖြစ်ပြီး၊ လက်ရှိအရာထမ်း (၁၇၆)ဦး၊ အမှုထမ်း (၁၇၈၁)ဦး စုစုပေါင်း (၁၉၅၇)ဦးဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ရုံးချုပ်/နေပြည်တော်/ပြည်နယ်/တိုင်းဒေသကြီး/တိုင်းဒေသကြီးရုံးခွဲ/

တွဲဘက်ပြည်နယ်ရုံး/ပြည်နယ်ရုံးခွဲ/ ခရိုင်ရုံးများစာရင်း(၂၀၁၃ ခုနှစ်)

စဉ်

ရုံးအမျိုးအစား
အရေအတွက်
၁။
ရုံးချုပ်
၂။
နေပြည်တော်ရုံး
၃။ ပြည်နယ်/တိုင်းဒေသကြီးရုံး ၁၄
၎။
တိုင်းဒေသကြီးရုံးခွဲ
၅။
တွဲဘက်ပြည်နယ်ရုံး
၆။ ပြည်နယ်ရုံးခွဲ
၇။ ‌ခရိုင်ရုံး ၃၅
စုစုပေါင်း
၅၅